အရှေ့တီမောနိုင်ငံ
အရှေ့တောင်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
အရှေ့တီမောနိုင်ငံ (အင်္ဂလိပ်: East Timor or Timor Leste) သည် တရားဝင်အားဖြင့် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ[1] သည် အရှေ့တောင်အာရှဒေသတွင် တည်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။ တီမောကျွန်း၏ အရှေ့ဘက်အပိုင်းတွင် တည်ရှိကာ အချုပ်အခြာအာဏာပိုင် ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အနောက်ဘက်တွင် အင်ဒိုနီးရှားနိုင်ငံအပိုင် အနောက်တီမော တည်ရှိကာ တောင်ဘက်တွင် တီမောပင်လယ်ခြားလျက် ဩစတြေးလျနိုင်ငံ တည်ရှိသည်။ အရှေ့တီမောနိုင်ငံကို ရံဖန်ရံခါတွင် တီမောနိုင်ငံဟုလည်း သုံးစွဲကြသည်။ အရှေ့တီမောနိုင်ငံသည် စတုရန်းကီလိုမီတာပေါင်း (၁၅,၀၀၇) (၅,၄၀၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ ဒီလီမြို့ ဖြစ်သည်။
အရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ Repúblika Demokrátika Timór Lorosa'e República Democrática de Timor-Leste | |
---|---|
ဆောင်ပုဒ်: "ညီညွတ်ရေး၊ ကုသိုလ်၊ တိုးတက်ရေး" | |
နိုင်ငံတော် သီချင်း: Pátria | |
မြို့တော် | ဒီလီမြို့ |
အကြီးဆုံးမြို့ | ဒီလီမြို့ |
ရုံးသုံး ဘာသာစကားများ | တဲတွမ်ဘာသာစကား၊ ပေါ်တူဂီဘာသာစကား |
လူမျိုးစု | Austronesian (Malayo-Polynesian), Papuan, တရုတ် |
ကိုးကွယ်မှု | Roman Catholic (၉၈%), အစ္စလာမ် (၁%), Protestant (၁%), အခြား (၃.၄%) |
အစိုးရ | ပြည်ထောင်စု သမ္မတတစ်ပိုင်းစနစ် သမ္မတနိုင်ငံ |
• သမ္မတ | ဟိုဆေး ရာမို့စ်ဟောတာ |
• ဝန်ကြီးချုပ် | Taur Matan Ruak |
တည်ထောင် | |
• လွတ်လပ်ရေး (Portugal၊ ကြေညာ) | ၂၈ နိုဝင်ဘာ ၁၉၇၅ |
• လွတ်လပ်ရေး (သတ်မှတ်) | ၂၀ မေ ၂၀၀၂ |
ဧရိယာ | |
• စုစုပေါင်း | ၁၅,၄၁၀ km² (၅,၇၄၃ sq mi) (အဆင့်: ၁၅၈) |
• ရေထု (%) | ၀ |
လူဦးရေ | |
• ခန့်မှန်း | ၁,၁၀၈,၇၇၇ (အဆင့် - ၄) |
• သိပ်သည်းမှု | ၆၄/km² (၁၆၆/sq mi) (အဆင့် - ၁၃၂) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | USD $၂.၆၀၈ သိန်းကုဋေ (အဆင့် - ၁၇၈) |
• Per capita | USD $၂,၅၀၀ (အဆင့် - ၁၈၈) |
HDI | ၀.၅၁၄ နိမ့် · ၁၅၀ |
ငွေကြေး | U.S. Dollar (USD "$") |
အချိန်ဇုန် | +၉ |
တယ်လီဖုန်းကုဒ် | +၆၇၀ |
Internet TLD | .tl |
(၁၆)ရာစုအတွင်းက ပေါ်တူဂီတို့၏ ကိုလိုနီပြုမှုကို ခံခဲ့ရသော အရှေ့တီမောဒေသသည် ၁၉၇၅ခုနှစ် နိုဝင်ဘာ (၂၅) ရက်နေ့မတိုင်မီအထိ ပေါ်တူဂစ်-တီမောဟု လူသိများခဲ့သည်။ ထိုနေ့တွင် အရှေ့တီမောတော်လှန်ရေး တပ်ပေါင်းစုက လွတ်လပ်ရေးကို ကြေညာခဲ့သည်။ ကိုးရက်အကြာတွင်မူ အင်ဒိုနီးရှားတပ်မတော်၏ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ အင်ဒိုနီးရှားစစ်တပ်နှင့် တီမောနယ်မြေ ခွဲထွက်ရေးအုပ်စုများကြား ပဋိပက္ခများသည် ကာလကြာရှည်စွာ တည်ရှိခဲ့သည်။
ကုလသမဂ္ဂ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဥပဒေအရ ၁၉၉၉ခုနှစ်တွင် အင်ဒိုနီးရှားတို့ လက်လွှတ်ခဲ့ရသည်။ အရှေ့တီမောနိုင်ငံသည် ၂၀၀၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုဖြစ်လာကာ (၂၁) ရာစု၏ ပထမဆုံးပေါ်ထွက်လာသော အချုပ်အခြာအာဏာပိုင်တိုင်းပြည်ဖြစ်သည်။ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂနှင့် ပေါ်တူဂီဘာသာစကား ကျင့်သုံးသောနိုင်ငံများအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။[2] ၂၀၁၁ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ (၁၁)နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာနိုင်ရန် ကြိုးပမ်းခဲ့ကြပြီး စောင့်ကြည့်သူအဖြစ် ရပ်တည်ခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ရက်နှင့်၁၁ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ ၌ ကျင်းပခဲ့သည့် (၄၀)ကြိမ်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများအတွင်း အာဆီယံခေါင်းဆောင်များက တီမောလက်စ်နိုင်ငံ ကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် မူအားဖြင့်သဘောတူခဲ့ကြသည်။[3] [4]