စကြီမင်းဆက်
ထိုင်းဘုရင့်နိုင်ငံတော်ကို လက်ရှိ အုပ်စိုးနေသော တော်ဝင်မင်းဆက် / From Wikipedia, the free encyclopedia
စကြီမင်းဆက် (အသံထွက်; စကရီမင်းဆက်) (မြန်မာ: စကြီရာဇဝံသ; သင်္သကရိုက်: Cakrī Rājavaṁsa) သည် ထိုင်းဘုရင့်နိုင်ငံ၏ လက်ရှိမင်းဆက်ဖြစ်ကာ အကြီးအကဲဘုရင်မှာ နိုင်ငံတော်၏ ခေါင်းဆောင်ဖြစ်သည်။ တက်ဆင်နှင့် သွန်ဘူရီခေတ်များအလွန် ၁၇၈၂ခုနစ်တွင် မြို့တော်ကို ဘန်ကောက်သို့ ပြောင်းပြီးချိန် ရတနကောသိန္ဒြခေတ်မှ စ၍ ထိုင်းနိုင်ငံကို အုပ်စိုးခဲ့သည်။ ဤမင်းဆက်ကို တရုတ်-မွန်နွယ်ဖွား ဖြစ်သော အယုဒ္ဓယ စစ်တပ်ခေါင်းဆောင် ဖြစ်သူ ဗုဒ္ဓယောတ္တဗာ စုဠာလောကက တည်ထောင်ခဲ့သည်။
အချက်တိုများ စကြီမင်းဆက်, နိုင်ငံ ...
စကြီမင်းဆက် | |
---|---|
အမှတ်တံဆိပ် | |
နိုင်ငံ | ထိုင်းနိုင်ငံ |
စတင်တည်ထောင်ခြင်း | ၁၇၈၂; ၂၄၂ နှစ် အကြာက (၁၇၈၂) |
တည်ထောင်သူ | ရာမ ၁ |
လက်ရှိ အကြီးအကဲ | ရာမ ၁၀ |
အမည်များ | ရတနကောသိန္ဒြပြည် (၁၇၈၂-၁၉၄၀) ထိုင်းနိုင်ငံ (၁၉၄၈-လက်ရှိ) |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
Estate(s) | ထိုင်းဘုရင့်နိုင်ငံ |
ပိတ်ရန်
လက်ရှိအကြီးအကဲဖြစ်သူမှာ (၁၀) ယောက်မြောက် ရာမဘုရင်ဖြစ်သော ဝဇိရာလင်္ကရဏဖြစ်သည်။ မင်းဆက်၏ လက်ရှိနေရာမှာ ဘန်ကောက်မြို့ရှိ တော်ဝင်နန်းတော်ဖြစ်သည်။