တရုတ်သမ္မတနိုင်ငံ (၁၉၁၂–၁၉၄၉)
တရုတ်ပြည်မ၌တည်ရှိခဲ့သောနိုင်ငံ / From Wikipedia, the free encyclopedia
၁၉၁၂ ခုနှစ် မှ ၁၉၄၉ ခုနှစ်ကာလ၌ တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (အင်္ဂလိပ်: Republic of China (ROC)) သည် တရုတ်ပြည်မ၌ တည်ရှိခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုအချိန်၌ "တရုတ်" ဟုဆိုလျှင် ဤနိုင်ငံကိုရည်ညွှန်းသည်။ ၁၉၄၉ တွင် အာအိုစီအစိုးရသည် ပြည်တွင်းစစ်ရှုံးနိမ့်ခဲ့သဖြင့် ထိုင်ဝမ်ကျွန်းသို့ပြောင်းရွှေ့ခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် လူဦးရေ ၅၄၁ သန်းရှိခဲ့ရာ လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်ခဲ့သည်။ ဧရိယာအကျယ်အဝန်းမှာ ၁၁.၄ မီလီယံ စတုရန်းကီလိုမီတာ (၄.၄ မီလီယံ စတုရန်းမိုင်) ရှိခဲ့သည်။[3] ပြည်နယ် ၃၅ ပြည်နယ်၊ အထူးအုပ်ချုပ်ရေးဒေသ ၁ နေရာ၊ တိုင်းဒေသကြီး ၂ တိုင်း၊ အထူးမြူနီစပယ်ဒေသ ၁၂ ခု တို့ဖြင့်ဖွဲ့စည်းထားသည်။ ယခုအခါ တရုတ်ပြည်မကြီးကို အုပ်ချုပ်နေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံက အာအိုစီကို ၁၉၄၉ ခုနှစ်ကတည်းက မရှိတော့သော နိုင်ငံဟောင်းအဖြစ်သတ်မှတ်ရာ အဆိုပါ ၁၉၄၉ အထိကာလကို "ရီပတ်ဘလစ်ကန်ခေတ်" (Republican Era) ဟုခေါ်ဆိုကြသည်။[4] ယခု ထိုင်ဝမ်ကျွန်းအခြေစိုက် တရုတ်သမ္မတနိုင်ငံသည်မူ ထိုအာအိုစီ၏ မျက်မှောက်ခေတ်ကာလအဖြစ် မှတ်ယူထားပြီး အဆိုပါကာလကို "ပြည်မကြီးခေတ်" (Mainland Period) အဖြစ်ရည်ညွှန်းသည်။[5]
တရုတ်သမ္မတနိုင်ငံတော် Republic of China 中華民國 Chunghwa Minkuo Zhōnghuá Mínguó | |
---|---|
နိုင်ငံတော် သီချင်း:
အလံတင်သီချင်း: "တရုတ်သမ္မတနိုင်ငံ၏ အလံတင်သီချင်း" 中華民國國旗歌 (၁၉၄၇–၁၉၄၉) | |
မြို့တော် | ပေကျင်းမြို့ (၁၉၁၂–၁၉၂၇) နန်ကျင်းမြို့ (၁၉၂၇–၁၉၃၇၊ ၁၉၄၆–၁၉၄၉) ဝူဟန်မြို့ (၁၉၂၇၊ ၁၉၃၇) ချုံချင့်မြို့ (၁၉၃၇–၁၉၄၆၊ ၁၉၄၉) ကွမ်ကျိုးမြို့ (၁၉၄၉) ချင်းဒူမြို့ (၁၉၄၉) |
အကြီးဆုံးမြို့ | ရှန်ဟိုင်းမြို့ |
ရုံးသုံး ဘာသာစကားများ | တရုတ်ဘာသာ |
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ | တီဗက်ဘာသာ ဝီဂါဘာသာ မန်ချူးဘာသာ မွန်ဂိုလီးယန်းဘာသာ |
ရုံးသုံးအရေးအသား |
|
ကိုးကွယ်မှု | အများအပြား |
Demonym | တရုတ်[1] |
အစိုးရ |
|
• သမ္မတ |
|
• ဝန်ကြီးချုပ် |
|
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
ထိန်းသိမ်းရေးယွမ်[2] | |
ဥပဒေပြုရေးယွမ် | |
သမိုင်းဝင်ဖြစ်ရပ်များ | |
• ရှန်ဟိုက်တော်လှန်ရေး | ၁၀ အောက်တိုဘာ ၁၉၁၁ [မှတ်စု 1]–၁၂ ဖေဖော်ဝါရီ ၁၉၁၂[မှတ်စု 2] |
• သမ္မတနိုင်ငံတည်ထောင် | ၁ ဇန်နဝါရီ ၁၉၁၂ |
• ပေယန်းအစိုးရ | ၁၉၁၂–၁၉၁၅၊ ၁၉၁၆–၁၉၂၈ |
• နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ဝင်ရောက် | ၁၀ ဇန်နဝါရီ ၁၉၂၀ |
• မြောက်ဘက်စစ်ရေးဆင်ခြင်း | ၁၉၂၆–၁၉၂၈ |
၁၉၂၇–၁၉၄၉ | |
၁၉၂၇–၁၉၄၆ ၁၉၄၆–၁၉၅၀[မှတ်စု 3] | |
၇ ဇူလိုင် ၁၉၃၇[မှတ်စု 4]–၂ စက်တင်ဘာ ၁၉၄၅[မှတ်စု 5] | |
• ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာ | ၂၄ အောက်တိုဘာ ၁၉၄၅ |
• ထိုင်ဝမ်ကိုအုပ်ချုပ် | ၂၅ အောက်တိုဘာ ၁၉၄၅ |
• တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင် | ၁ အောက်တိုဘာ ၁၉၄၉ |
• ထိုင်ပေမြို့သို့ပြောင်း | ၇ ဒီဇင်ဘာ ၁၉၄၉ |
ဧရိယာ | |
• စုစုပေါင်း | ၁၁,၀၇၇,၃၈၀ km2 (၄,၂၇၇,၀၀၀ sq mi) |
လူဦးရေ | |
• သန်းခေါင်စာရင်း |
|
ငွေကြေး | တရုတ်ရွှေယူနစ် (၁၉၁၂–၁၉၄၉၊ တရုတ်ပြည်မ၌) ထိုင်ဝမ်ဒေါ်လာဟောင်း (၁၉၄၆–၁၉၄၉၊ ထိုင်ဝမ်၌) |
အချိန်ဇုန် | Kunlun to Changpai Standard Times (UTC+5:30 to +8:30) |
ယာဉ်ကြောစနစ် | လက်ယာ[မှတ်စု 6] |
လူဦးရေကို http://www.populstat.info/Asia/chinac.htm မှကိုးကားသည်။ |
တရုတ်သမ္မတနိုင်ငံသည် နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့်ကုလသမဂ္ဂ (လုံခြုံရေးကောင်စီ အပါအဝင်) တို့၏ တည်ထောင်ခဲ့သည့် မူလအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ၁၉၇၁ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာအိုစီ၏နေရာကိုယူခဲ့သည်။ ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီတို့၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ခဲ့သည်။