တာအုံ
From Wikipedia, the free encyclopedia
သင်္ချာနှင့် ရူပဗေဒရှိ တာအုံ (ခေါ်) တန်စာ (အင်္ဂလိပ်: tensor) ဆိုသည်မှာ တစ်ကြောင်းမကသော တည့်တိုးဆက်နွယ် ညီမျှခြင်းများကို တပြိုင်တည်း ကိုင်တွယ်ရန် အသုံးပြုသော သင်္ချာဇာတ်ကောင်များ ဖြစ်သည်။
မိမိ ကိုင်တွယ်စဉ်းစားနေသော ရပ်ဝန်း၏ သဘောအလျောက် ဤသို့ ကွဲပြားမှု ရှိနိုင်သည်။
- အမှတ်ချအိမ်၏ တာသွားတန်ဖိုးများက နေရာအနှံ့ မပြောင်းမလဲ သဘာဝရှိနေလျှင် ၎င်းမှာ တပြန့်ညီသော ရပ်ဝန်း (flat space) ဖြစ်ပြီး သာမန် ယူကလစ်ဒ် စပေ့စ် (Eculidean space) ကို ကိုင်တွယ်နေခြင်း ဖြစ်သည်။ ထိုအခါ တာအုံတို့ကို ကိန်းအုံ (matrix) တို့ဖြင့် တိုက်ရိုက် ကိုယ်စားပြု တွက်ချက်နိုင်ပေမည်။ များစွာသော အင်ဂျင်နီယာအတတ် (engineering field) တို့၌ ထိုသို့ တွက်ချက်ရုံသာ ဖြစ်သည်။
- အမှတ်ချအိမ်၏ တာသွားတန်ဖိုး (bases) တို့က နေရာအလိုက် ပြောင်းလဲမှု ရှိသွားလျှင်မူ ၎င်းမှာ တာယွင်းရပ်ဝန်းရှိသော (curved space) ဖြစ်သဖြင့် တာအုံကို တွဲစက်ပုံဖော်ပေးမည့် အတိုင်းဆတာအုံ (metric tensor)မှာ ဆရင်းကိန်းအုံ (identity matrix) မဟုတ်တော့ချေ။ အထွေထွေနှိုင်းရသီအိုရီ၌ ဤသဘောမျိုးနှင့် တွက်ချက်သည်။
- ထို့ကြောင့် အထွေထွေခြုံညှိမှု (generalization) အားဖြင့် တာအုံသီးသန့်က ရုပ်ပိုင်းဆိုင်ရာတန်ဖိုးများကို ပြည့်စုံစွာ တိုက်ရိုက်ထုတ်မပေးဘဲ ဆိုင်ရာရပ်ဝန်း(space) ၏ သဘောသရုပ်ကို ကိုယ်စားပြုရာ အတိုင်းဆတာအုံ (metric tensor) နှင့် တွဲလျက်သာ အဓိပ္ပါယ်ပြည့်စုံသော တိုင်းဖွယ်တို့ကို ထုတ်ပေးသည်။[1]