ပါဠိ
ရှေးဘာသာစကား / From Wikipedia, the free encyclopedia
ပါဠိ (Pāli) ဟူသည် အိန္ဒိယတိုက်ငယ်အတွင်းရှိ တိုင်းရင်းလူမျိုးတို့၏ မိခင်ဘာသာစကားတစ်မျိုးဖြစ်၏။ ဤဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှုပြုကြရာအကြောင်းအရင်းခံမှာ ဗုဒ္ဓဘာသာ၏ အဖိုးတန်စာပေများဖြစ်သော ပိဋကတ်သုံးပုံကို ပါဠိဘာသာဖြင့် စုဆောင်းသိမ်းဆည်းထားမှတ်တမ်းတင်ခဲ့ကြသောကြောင့်ဖြစ်သည်။