ဘင်္ဂလားဒေ့ရှ်နိုင်ငံ
တောင်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
ဘင်္ဂလားဒေ့ရှ် (ဘင်္ဂါလီ: বাংলাদেশ, ရောမအက္ခရာ: বাংলাদেশ၊ ဘင်္ဂလားနိုင်ငံ ဟု အဓိပ္ပာယ်ရ) သည် တရားဝင်အမည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ (ဘင်္ဂါလီ: গণপ্রজাতন্ত্রী বাংলাদেশ) နှင့် တောင်အာရှရှိ နိုင်ငံတခု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် မြေအကျယ် စဉ်ရင် နံပါတ် ၉၂ ချိတ်သော်လည်း လူဦးရေ ၁၆၃ သန်းခန့် ရှိသဖြင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် လူအများဆုံးနိုင်ငံ ဖြစ်နေသည်။ လူနေထူသော နိုင်ငံများအနက် တစ်ခုဖြစ်သည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် အိန္ဒိယ၊ အရှေ့တွင် မြန်မာတို့နှင့် ထိစပ်နေပြီး ကျန်အပိုင်းများမှာ ဘင်္ဂလားပင်လယ်အော်၏ ကမ်းခြေအဖြစ် ရှိသည်။
ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ
| |
---|---|
မြို့တော် နှင့် အကြီးဆုံးမြို့ | ဒါကာမြို့ 23°45′50″N 90°23′20″E |
တရားဝင်ဘာသာစကား နှင့် အမျိုးသားဘာသာစကား | ဘင်္ဂါလီ[4] |
ဒေသတွင်းဘာသာစကား | စစ်တကောင်း • ရင်္ဂပူရီ • ဆင်းဟတ်တီ • နိုယာခါအီလာ • သက္ကမ • ရခိုင် |
လူမျိုးစု (၂၀၁၁[5]) | |
ကိုးကွယ်မှု |
|
Demonym | Bangladeshi |
အစိုးရ | တစ်ပြည်ထောင် အသာစီးပါတီ ပါလီမန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သမ္မတနိုင်ငံ |
• သမ္မတ | အဘာဒူ ဟာမစ် |
• ဝန်ကြီးချုပ် | ရှိတ်ဟာဆီနာ |
• လွှတ်တော်ဥက္ကဋ္ဌ | Shirin Sharmin Chaudhury |
• တရားသူကြီးချုပ် | Syed Mahmud Hossain |
ဥပဒေပြုလွှတ်တော် | ဇာတိယ ရှန်ရှက် |
ပါကစ္စတန်နိုင်ငံမှ လွတ်လပ်ရေးရရှိခြင်း | |
• ကြေညာခဲ့ | ၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက် |
• V-Day | ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် |
• လက်ရှိဖွဲ့စည်းပုံ | ၁၉၇၂ ဒီဇင်ဘာလ ၁၆ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၁၄၈,၅၆၀[6] km2 (၅၇,၃၆၀ sq mi) (အဆင့်: ၉၂) |
• ရေထု (%) | ၆.၄ |
• ကုန်းမြေဧရိယာ | ၁၃၀,၁၇၀ sq Km[7] |
• ရေပြင်ဧရိယာ | ၁၈,၂၉၀ sq km[7] |
လူဦးရေ | |
• ၂၀၁၆ ခန့်မှန်း | ၁၆၂,၉၅၁,၅၆၀[8] (အဆင့် - ၈) |
• ၂၀၁၁ သန်းခေါင်စာရင်း | ၁၄၉,၇၇၂,၃၆၄[9] (အဆင့် - ၈) |
• သိပ်သည်းမှု | ၁,၁၀၆/km2 (၂,၈၆၄.၅/sq mi) (အဆင့် - ၇) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၉၆၆.၄၈၅ ဘီလီယံ[10] (အဆင့် - ၃၁) |
• Per capita | $၅,၈၁၂[10] (အဆင့် - ၁၃၀) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၃၅၂.၉၀၈ ဘီလီယံ[10] (အဆင့် - ၃၇) |
• Per capita | $၂,၁၂၂[10] (အဆင့် - ၁၄၉) |
Gini (၂၀၁၆) | ၃၂.၄[11] အလယ် |
HDI (၂၀၁၉) | ၀.၆၃၂[12] အလယ် · 133rd |
ငွေကြေး | တာကာ (৳) (BDT) |
အချိန်ဇုန် | BST (UTC+6) |
ရက်စွဲပုံစံ | dd-mm-yyyy CE |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၈၈၀ |
Internet TLD | .bd .বাংলা |
အကြီးဆုံးမြို့မှာ ဒါကာဖြစ်ပြီး ဒုတိယအကြီးဆုံးမှာ ဆိပ်ကမ်းမြို့ စစ်တကောင်း ဖြစ်သည်။
လူဦးရေ၏ ၉၈ ရာခိုင်နှုန်းမှာ ဘင်္ဂလားလူမျိုးများ ဖြစ်သည်။ ဘင်္ဂါလီမွတ်ဆလင်များသည် နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်သဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး မွတ်ဆလင်အင်အားစု ဖြစ်လျက် ရှိသည်။ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသော်လည်း မွတ်ဆလင်မဟုတ်ကလည်း လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့် ရှိသည်။ တစ်ပါတီ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဝက်မင်စတာထုံးစံ အခြေခံဥပဒေသုံး သမ္မတစနစ်ကို ယူသည်။
နိုင်ငံကို တိုင်း ၈ ခု၊ ခရိုင် ၆၄ ခု ဖွဲ့ထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး တစ်ဦးချင်းဝင်ငွေ တစ်ရိပ်ရိပ်တက်နေသဖြင့် ကမ္ဘာ့ဘဏ်က လက်ညှိုးထိုးပြစရာ နမူနာကောင်း ဖြစ်လျက်ရှိသည်။
အရှင်မွေးနှုန်း တိုးခြင်း၊ လူဦးရေ ထိန်းခြင်း၊ သဘာဝဘေး ကယ်ဆယ်ခြင်း၊ အထည်အလိပ်မှ နိုင်ငံခြားငွေ ရှာခြင်း၊ အမျိုးသမီးကဏ္ဍ တိုးတက်စေခြင်း၊ အသေးစားချေးငွေလုပ်ငန်းဖြင့် ဆင်းရဲမှုလျော့ချခြင်းတို့ကို မှတ်ကျောက်တင်စဖွယ် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သည်။
ရေရှည်ရင်ဆိုင်နေရသည့် ပြဿနာများမှာ ရိုဟင်ဂျာဒုက္ခသည်အရေး၊ အကြမ်းဖက်မှု၊ အဂတိလိုက်စားမှု၊ ဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်သော ဘေးများ ဖြစ်သည်။