ရှေးဟောင်းမြန်မာဘာသာစကား
မြန်မာဘာသာစကား၏အစောဆုံးသောပုံစံ / From Wikipedia, the free encyclopedia
ရှေးဟောင်းမြန်မာဘာသာစကားသည် မြန်မာဘာသာစကားစတင်ပေါ်ပေါက်ရာ ပုဂံခေတ်၌ပြောဆိုခဲ့ကြသော ဘာသာစကားဖြစ်၍ မြန်မာဘာသာ၏ အစောဆုံးသောပုံစံလည်းဖြစ်သည်။ ထိုဘာသာစကား၏ကာလမှာ ၁၂ ရာစုမှ ၁၆ ရာစုအထိဖြစ်ပြီး ၁၆ ရာစုတွင် ခေတ်လယ်မြန်မာဘာသာစကားသို့ ပြောင်းလဲလာခဲ့သည်။ ရှေးဟောင်းမြန်မာဘာသာစကားကို ပုဂံခေတ်ကျောက်စာများတွင် လေ့လာနိုင်သည်။[2] သဒ္ဒါနှင့်ဝေါဟာရတို့မှာ ခေတ်သစ်မြန်မာစာနှင့် ကွာခြားမှုရှိသော်လည်း အခြားစကားလုံးအသုံးအနှုန်းများမှာ ဆင်တူကြသည်။[3]
အချက်တိုများ ရှေးဟောင်းမြန်မာဘာသာစကား, ဒေသ ...
ရှေးဟောင်းမြန်မာဘာသာစကား | |
---|---|
ဒေသ | ပုဂံပြည် |
ခေတ်ကာလ | ၁၂ ရာစုမှ ၁၆ ရာစုအထိ |
တရုတ်-တိဗက်နွယ်
| |
စာအရေးအသားစနစ် | မြန်မာအက္ခရာ |
ဘာသာစကားကုဒ်များ | |
ISO 639-3 | obr |
Linguist List | obr |
Glottolog | oldb1235 [1] |
ပိတ်ရန်