အိန္ဒိယနိုင်ငံ
တောင်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
အိန္ဒိယ တရားဝင်အမည်အားဖြင့်အိန္ဒိယသမ္မတနိုင်ငံတော်ဖြစ်သည်။တောင်အာရှတွင် တည်ရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင်အကျယ်အဝန်းအားဖြင့်သတ္တမမြောက်အကြီးဆုံး၊ ဒုတိယမြောက်လူဦးရေအများဆုံးနှင့်ဒီမိုကရေစီနိုင်ငံများတွင်လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။တောင်ဘက်တွင်အိန္ဒိယသမုဒ္ဒရာ၊အနောက်ဘက်တွင် အာရပ်ပင်လယ်နှင့် အရှေ့ဘက်တွင်ဘင်္ဂလားပင်လယ်အော်တို့ကဝန်းရံထားပြီး အိန္ဒိယတွင်ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၄၆၇၁ မိုင်(၇၅၁၇ကီလိုမီတာ)ရှိသည်။ [1]မျှရှိသည်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အနောက်ဘက်တွင် ပါကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်၊ နီပေါနိုင်ငံ နှင့် ဘူတန်နိုင်ငံ၊ အရှေ့ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့ရှိကြသည်။ အိန္ဒိယသမုဒ္ဒရာထဲရှိ နိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း နီးစပ်သည်။
အိန္ဒိယသမ္မတနိုင်ငံတော် भारत गणराज्य
(ဘာရတ် ဂဏရာဇျ) | |
---|---|
နိုင်ငံတော် သီချင်း: "Jana Gana Mana"
"သင်သည် လူအပေါင်းတို့၏စိတ်ကို အုပ်စိုးသူ" | |
အစိမ်းရင့်ရောင်ဖြင့် အိန္ဒိယမှ ထိန်းချုပ်ထားသော နယ်မြေ၊ အစိမ်းဖျော့ဖျော့ဖြင့် နယ်မြေကို ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိ | |
မြို့တော် | ဒေလီမြို့သစ် 28°36′50″N 77°12′30″E |
အကြီးဆုံးမြို့ | မွန်ဘိုင်းမြို့ |
ရုံးသုံး ဘာသာစကားများ | |
အစိုးရ | ဖက်ဒရယ် ပါလီမန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သမ္မတနိုင်ငံ |
• သမ္မတ | ဒရော်ပါဒီ မူရ်မူ |
• ဒုသမ္မတ | ဝန်ကေးယား နိုင်ဒူ |
• ဝန်ကြီးချုပ် | နရန္ဒြာ မိုဒီ |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
ပြည်နယ်များကောင်စီ | |
ပြည်သူ့လွှတ်တော် | |
တည်ထောင် | |
• ဗြိတိသျှရာဇ်မှ လွတ်လပ်ရေး | ၁၅ ဩဂုတ် ၁၉၄၇ |
ဧရိယာ | |
• စုစုပေါင်း | ၃,၂၈၇,၂၆၃ km2 (၁,၂၆၉,၂၁၉ sq mi) (အဆင့်: ၇) |
• ရေထု (%) | ၉.၆ |
[] | |
• ၂၀၁၁ သန်းခေါင်စာရင်း | ၁,၂၁၀,၈၅၄,၉၇၇ (အဆင့် - ၂) |
အိန္ဒုတောင်ကြား ယဉ်ကျေးမှုပေါက်ဖွားရာနှင့် သမိုင်းဝင်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ကြီးမားသောအင်ပိုင်ယာများတည်ရှိခဲ့ရာ ဒေသဖြစ်သဖြင့် အိန္ဒိယဒေသသည် သူ၏ ရှည်လျားလှသော သမိုင်းကြောင်းအတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကြွယ်ဝချမ်းသာသော ဒေသအဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာ့ဘာသာကြီး ၄ ခုဖြစ်သော ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ နှင့် ဆစ်ခ်ဘာသာတို့သည် အိန္ဒိယတွင် ပေါ်ထွန်းခဲ့ပြီး Zoroastrianism, Judaism၊ ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ်ဘာသာတို့သည် ပထမထောင်စုနှစ်အတွင်းရောက်ရှိလာခဲ့သဖြင့် အိန္ဒိယ၏ အမျိုးစုံသော ရိုးရာယဉ်ကျေးမှု တို့ကို ပုံဖော်ပေးခဲ့သည်။ ၁၈ ရာစုအစပိုင်းမှ စ၍ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ၏ တစ်စတစ်စထိုးဖောက် ဝင်ရောက်လာခဲ့ပြီး ဂရိတ်ဗြိတိန်နိုင်ငံ၏ ကိုလိုနီအဖြစ် ၁၉ ရာစုအလယ်ပိုင်းတွင် ကျရောက်ခဲ့သည်။ ထို့နောက် ၁၉၄၇ တွင် ကြီးမားကျယ်ပြန့်လှသော အကြမ်းမဖက်လှုပ်ရှားမှုတို့ဖြင့် အင်္ဂလိပ်လက်အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။
အိန္ဒိယသည် ပါလီမန် ဖက်ဒရယ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် ၂၈ ခု နှင့် ပြည်ထောင်စုနယ်မြေ ၇ ခုပါဝင်သည်။ ကမ္ဘာပေါ်တွင် ဈေးကွက်ငွေကြေးလဲလှယ်နှုန်းဖြင့် ကြည့်မည်ဆိုလျှင် စီးပွားရေး အရ ၁၂ ခုမြောက်အကြီးဆုံး နိုင်ငံဖြစ်ပြီး စတုတ္တမြောက် ဝယ်အားအကောင်းဆုံး နိုင်ငံဖြစ်သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အိန္ဒိယသည် စီးပွားရေးတိုးတက်မှု အမြန်နှုန်းတွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ သို့သော် အိန္ဒိယတွင် ဆင်းရဲမှုများ၊ စာမတတ်မှုများ နှင့် အာဟာရချို့တဲ့မှုများ အများအပြားရှိနေဆဲဖြစ်သည်။ အမျိုးမျိုးသော အတွေးအခေါ်များ၊ ဘာသာစကားများ၊ လူမျိုးစု များရှိသော အိန္ဒိယနိုင်ငံသည် သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရာ နေရာအနှံအပြားတွင် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးတို့အတွက် နေအိမ်လည်းဖြစ်သည်။