မြန်မာဘာသာစကား
တရုတ်-တိဗက်မြန်မာဘာသာစကား / From Wikipedia, the free encyclopedia
မြန်မာဘာသာစကား (အင်္ဂလိပ်: Myanmar Language)သည် မြန်မာနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည။ ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ဓနု၊ အင်းသား၊ တောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ ဗမာလူမျိုးတို့သည် တိဘက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman Languages) ပြောဆိုသည့် လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ လူဦးရေ ၃၈သန်းကျော်ခန့်သည် မြန်မာဘာသာစကားကို မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်သားများသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်။
မြန်မာဘာသာစကား | |
---|---|
မြန်မာဘာသာ | |
မြန်မာစာ (ဗမာစာ) | |
အသံထွက် | IPA:[mjəmàzà] [mjəmà] |
ဒေသခံ | မြန်မာနိုင်ငံ |
လူမျိုးစု | ဗမာလူမျိုး |
ဒေသခံ ပြောဆိုသူများ | ၃၉ သန်း (၂၀၂၁) Second language: 10 million (no date)[1] |
တရုတ်-တိဗက်နွယ်
| |
အစောပိုင်းပုံစံများ | ရှေးဟောင်းမြန်မာ
|
စာအရေးအသားစနစ် | မွန်မြန်မာအက္ခရာ (မြန်မာအက္ခရာ) မြန်မာ မျက်မမြင်စာ |
တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | မြန်မာနိုင်ငံ |
တရားဝင် ထိန်းသိမ်းသူ | မြန်မာစာအဖွဲ့ |
ဘာသာစကားကုဒ်များ | |
ISO 639-1 | my |
ISO 639-2 | bur (B) mya (T) |
ISO 639-3 | mya – ပါဝင်သော ကုဒ်သီးခြားကုဒ်များ: int – အင်းသား tvn – ထားဝယ်စကား tco – တောင်ရိုးစကား rki – ရခိုင်ဘာသာစကား rmz – မရမာဘာသာစကား |
Glottolog | yang1309 မြန်မာ[2] |
Linguasphere | 77-AAA-a |
မြန်မာ | |
ဤဆောင်းပါးတွင် IPA အသံထွက် သင်္ကေတများ ပါဝင်သည်။ မှန်ကန်သော ထောက်ပံ့မှုမရှိပါက ယူနီကုဒ်စာလုံးများအစား ? များ၊ လေးထောင့်ကွက်များနှင့် အခြားသင်္ကေတများ မြင်နေရနိုင်သည်။ IPA သင်္ကေတများ မိတ်ဆက်ကို Help:IPA တွင် ကြည့်ပါ။ |
မြန်မာဘာသာစကားသည် တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုတွင် ပါဝင်သည်။ တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုသည် တရုတ်-တိဗက်နွယ် ဘာသာစကားများ မိသားစု (Sino-Tibetan Languages Family) ထဲတွင် ပါသည်။ မြန်မာဘာသာသည် တက်ကျသံရှိသော (tonal) ၊ နိမ့်မြင့်အမှတ်အသားရှိ (pitch-register) ဖြစ်သော၊ ဧကဝဏ္ဏစကားလုံး (monosyllabic) အလွန်များသော ဘာသာစကား ဖြစ်သည်။ ကတ္တား-ကံ-တြိယာ စကားလုံးအစီအစဉ်ဖြင့် ရေးသော သရုပ်ခွဲဘာသာစကား (analytic language) လည်းဖြစ်သည်။ မြန်မာအက္ခရာများသည် ဗြာဟ္မီအက္ခရာ မှ ဆင်းသက်လာသည်။